Makro Local Love အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံအတွင်းရှိ လူငယ်များအတွက် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ လွယ်ကူစွာရရှိနိုင်ရေးကို ဆောင်ရွက်လျှက်ရှိပါသည်

ယခုလို National Management Degree College (NMDC)မှ ကျောင်းသား ၁၆၀ ဦးနှင့် တွေ့ဆုံခွင့်ရပြီး စီးပွါးရေးအမြင်များ၊ အလုပ်အကိုင်စျေးကွက်အကြောင်းများနှင့် လက်တွေ့ကျသော အကြံညာဏ်ကောင်းတွေကို နှီးနှောဖလှယ်ခွင့်ရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ရပါသည်

ဆွေးနွေးပွဲတွင် မက်ခရိုမှအတွေ့အကြုံရှိသော တာဝန်ရှိသူများသည် Business Merchandising, BIT, E-Commerce, Marketing နှင့် HR အစရှိတဲ့လုပ်ငန်းနယ်ပယ်များ၏ အသိပညာများကို မျှဝေပေးခဲ့သည့်အပြင် ယခုနှစ်ဘွဲ့ရမည့်သူများအတွက်လည်း သက်ဆိုင်ရာဌာနများ၌ အလုပ်သင်ရာထူးများ ဖွင့်လှစ်ပြီးကြိုဆိုခဲ့ပါသည် 

Other Story